Internship Program

မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာရှိ Logistics and Supply Chain နယ်ပယ်များတွင် Professional တစ်ယောက်အဖြစ် ရပ်တည်နိုင်စေရန် ရည်ရွယ်ကာ စာတွေ့၊ လက်တွေ့သင်ကြားပြသမှုများဖြင့် သင်ကြားပေးနေသည့် Diploma in Logistics and Supply Chain Management Program မှ တစ်ဆင့် Shenton Institute of Applied Finance မှ ကျောင်းသား ၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၅ နှစ်ထိတိုင်အောင်မြင်စွာ ရပ်တည်နေသော Melbourne Company Limited တွင် ၃ လကြာ Internship အစီအစဉ်ကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

Melbourne Company Limited သည် နိုင်ငံတကာမှ နာမည်ကြီး ကုန်ပစ္စည်း အမှတ်တံဆိပ်များဖြစ်သော Ariston ၊ Beko ၊ Jaquar ၊ Aria ၊ Elkay ၊ Elica တို့ကို မြန်မာနိုင်ငံတွင်းသို့ တင်သွင်းကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကိုယ်စားလှယ် အရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးနေသော နာမည်ကြီး Company တစ်ခုဖြစ်ပါသည်။
Melbourne Company Limited သည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ Bathroom နှင့် Kitchen solutions များကို အဓိကထား တင်သွင်းပေးနေခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် Melbourne Company မှ တင်သွင်းသော အသုံးအဆောင် ပစ္စည်းများအား ရောင်းချပေးနေသော ဆိုင်ခွဲပေါင်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပါသည်။

Internship Program – Internship at Melbourne Company Limited
Duration – 3 months

* ဘယ်သူတွေ လျှောက်ထားနိုင်မှာလဲ ?

- Shenton Institute of Applied Finance တွင် Diploma in
Logistics and Supply Management ကို ပြီးမြောက် အောင်မြင်ထားသူများ။

* Internship Program မှ တစ်ဆင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ ?

- Melbourne Company Limited ရှိ သက်ဆိုင်ရာ Department များတွင် Supervisor များ Manager များ၏ ကြီးကြပ်မှုတို့ဖြင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား လေ့လာသင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ Manager ၊ Supervisor များ၏ အကဲဖြတ် ကြီးကြပ်မှုများဖြင့် Provision ကာလ ၃ လ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အရည်အချင်းပေါ်မူတည်ကာ Melbourne Company Limited မှ အလုပ်အကိုင် အခွင့်အလမ်းများကို ပေးအပ်သွားမည်ဖြစ်ပါသည်။

Internship Program အား အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဖုန်းနံပါတ် - ၀၁-၅၅၃၈၉၇ ၊ ၀၉-၂၅၀၇၉၃၉၉၄

လိပ်စာ - S-9 ၊ ဦးချစ်မောင်အိမ်ရာ၊ ဦးချစ်မောင်လမ်း၊ တာမွေမြို့နယ် ၊ ရန်ကုန်။